Tuesday, October 29, 2013

သက်ဆိုင်မူတွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်

လောကကြီးမှာ သူတစ်ပါးတုန်းက သေးငယ်ဆိုတဲ့ အရာတွေက ကိုယ့်အလှည့်ကျတော့အကြီးဆုံးသော အရာတွေ ဖြစ်နေတတ်ပါတယ် ။

တစ်ခါက တောကြီးတစ်ခုထဲမှာ ချာချာတာတူတူ ငှက် နဲ့ ဖီးနစ်(စ) ငှက်တိုနေထိုင်ကြတယ် ။

ချာချာတာတူတူ ငှက်ကတော့ အရုပ်အဆိုးဆုံးငှက်ပြီြး့ပီး ဖီးနစ်(စ) ငှက်က အမြင့်မြတ်ဆုံး ငှက်တစ်ကောင်ဖြစ်ပြီး အဲဒီတောကို ဘုရငိမ အနေနဲ့ အုပ်ချုပ်နေပါတယ် ။

တစ်နေ့တော့ ချာချာတာတူတူ ငှက် ဥထားတဲ့ ဥ သုံးလုံးထဲက တစ်လုံးကို သပိတ်လွယ်ငှက်က စားသွားပါတယ် ။

အဲဒီတော့ ချာချာတာတူတူ ငှက်က တောကို အုပ်ချုပ်နေတဲ့ ဘုရင်မကြီး ဖီးနစ်(စ) ငှက်ကို အဲဒီအကြောင်း သွားပြီး တိုင်ပြောပြီး ဖြေရှင်ပေးဖိုပြောပါတယ် ။

ဒါပေ့မယ့် ဖီးနစ်(စ) ငှက်က အဲလို အသေးအဖွဲလေးတွေအတွက် သူအလုပ်မအားဘူး၊ ကိုယ်ကလေးကို ကိုယ်ဂရုစိုက်ဖိုက မိခင်တာဝန်ပဲ၊ မင်းမိသားစုကိစ္စကို မင်းပဲ ထိန်းသိမ်းစောင့်ရှောက်ရမှပေါ့လို ပြောလွတ်သတဲ့ ။




အဲဒါနဲ့ ချာချာတာတူတူငှက်လည်း အမှိုက်ကနေ ပြသဒ် မီးမလောင်းအောင် လာပြီးပြောပြတာပါ လို ပြောပြီးပြန်သွားပါတယ် ။

ချာချာတာတူတူ ငှက်က အသိုက်ကို ပြန်ရောက်တာနဲ့ မြက်တွေနဲ့ မြှားတစ်စင်းလုပ်ပြီး နောက်တစ်ခါ သပိတ်လွယ်ငှက်က ငှက်ဥကို လာစားဖို ကြိုးစားတဲ့ အခါမှာ သပိတ်လွယ်ငှက်ရဲ့ မျက်လုံးတည့်တည့်ကို ပစ်လွတ်လိုကပါတယ် ။

သပိတ်လွယ်ငှက်လည်း မျက်လုံးတစ်ဖက်ကန်းပြီး ပြေးလာရာ အိပ်နေတဲ့ ခြင်္သေ့ကြီး နှာခေါင်းပေါက်ကို တွင်းထင်ပြီးအတင်းဝင်သွားပါတယ် ။

ခြင်္သေ့လည်း နိုးလာပြီး ကယောင်ကတန်းနဲ့ ရေကန်ထဲ့ကို ခုန်ချလိုက်ရာ ရေကူးနေတဲ့ နဂါးတစ်ကောင်ရဲ့ ကျောကုန်းပေါ်ကိုကျသွားပါတယ် ။

နဂါးလည်း လန့်ပြီး အပေါ်ကို ပြန်အတက်မှာ ဖီးနစ်(စ) ငှက်သိုက်ကို ၀င်တိုက်ပြီး ငှက်ဥကွဲသွားပါတယ် ။

ဖိးနစ်(စ) ငှက်လည်း စိတ်တိုပြီး နဂါးကို ရန်တွေ့ပြောဆိုပါတယ် ။

နဂါးကလည်း သူ့အပြစ် မဟုတ်ကြောင်း သူအပေါ်ကို ခြင်္သေခုန်တတ်လာတဲ့အတွက် ကြောက်လန့်ပြီး အခုလိုဖြစ်ရကြောင်းပြောပါတယ် ။

အဲဒီတော့ ဖီးနစ်(စ)ငှက်ဘုရင်မကြီးက ခြင်္သေကို ခေါ်ပြီး မေးမြန်းရာ ခြင်္သေ့ကလည်း သပိတ်လွယ်ငှက် သူ့နှာခေါင်းထဲ့ကို အတင်းဝင်တဲ့အတွက် ယောင်ရန်းပြီး ရေထဲခုန်ချမိတာပါလို ပြန်ပြောပါတယ် ။

ဒါနဲ့ ဖီးနစ်(စ)ငှက်ဘုရင်မကြီးက သပိတ်လွယ်ငှက်ကို ခေါ်ပြီး အပြစ်တင်တဲ့အခါ သပိတ်လွယ်ငှက် က သူ့မျက်လုံးတစ်ဖက်ကို ချာချာတာတူတူငှက်က မြှားနဲ့ပစ်တဲ့အတွက် မျက်လုံးကန်းပြီး ခြင်္သေ နှားခေါင်းကို တွင်းအဖြစ် မှတ်ပြီး တိုးဝင်မိတာပါလို ပြန်ပြောပါတယ် ။

နောက်ဆုံး တော့ ဖီးနစ်(စ)ငှက်ဘုရင်မကြီးက ချာချာတာတူတူငှက်ကို ခေါ်ပြီးမေးတဲ့အခါ ကျွန်ုပ်ငှက်တွေ ဆုံးရှုံးသွားတဲံ အဖြစ်ကိုတော့ အသေးအဖွဲကိစ္စလို သက်မှတ်တယ် အရှင် ငှက်ဥ ဆုံးရှုံးသွားမှ ကိစ္စက ကြီးကျယ်တယ်လို သက်မှတ်မှာလား ။

ကျွန်ုပ် ဥတွေ ဆုံးရှုံးသွားတုန်းက အရှင် ဖီးနစ်(စ)ငှက်ဘုရင်မကြီးက ကျွန်ုပ် ဥတွေ ဆုံးရှုံးသွားတာ ကျွန်ုပ်နင့်ပဲဆိုင်တယ် သင်နဲ့ မဆိုင်ပါလို ပြောခဲ့ပါတယ် ။

အခု ဖီးနစ်(စ)ငှက်ဘုရင်မကြီး ဥတွေ ဆုံးရှုံးသွား အရှင် ဖီးနစ်(စ)ငှက်ဘုရင်မကြီး နဲ့ပဲဆိုင်ပါတယ် ကျွန်ုပ်နှင့် မဆိုင်ပါလို ပြန်ပြီးပြောလိုက်တဲ့အခါမှာ ဖီးနစ်(စ)ငှက်ဘုရင်မကြီး နောင်တရသွားပါတယ် ။

No comments:

Post a Comment