တစ်ခါက လိပ် မိသားစု တစ်စု ပျော်ပွဲစားထွက်ဖို ပြင်ဆင်ကြတယ်တဲ့ ။
လိပ် ဆိုတော့ လုပ်တာကိုင်တာ အရမ်းနှေးတဲ့အတွက် ပျော်ပွဲစားထွက်ရင်း စားဖိုသောက်ဖို စီစဉ်တာ (၇) ရက်ကြာတယ်တဲ့ ။
အစားအသောက် စီစဉ်ပြီး ပျော်ပွဲစားထွက်တဲ့နေရာကို ရောက်အောင်သွားတာ တစ်လတိတိကြာတယ်တဲ့ ။
အဲဒီနေရာကိုရောက်တော့ ပျော်ပျော်ပါးပါးစားကြသောက်ကြမယ
အဲဒီတော့မှ သူတိုက ဆားမေ့နေခဲ့တယ်ဆိုတာကို တွေရသတဲ့ ။
စားမပါရင်တော့ အစားအသောက်တွေ အဆင်မပြေမှာစိုးတဲ့အတွက် သူတိုထဲ့က အမြန်ဆုံးဖြစ်တဲ့ အငယ်ဆုံးကောင်လေးကို သွားယူဖိုပြောတယ် ။
အငယ်ဆုံးကောင်လေးကလဲ မသွားချင်ပေမယ့် အားလုံးရဲ့ဆန္ဒကို မလွန်ဆန်နိုင်တဲ့အတွက် သွားမယ်ဆိုပြီး မိသားစုထံကနေ သူပြန်မလာမချင်း အစားအသောက်တွေကို မစားမသောက်ပါဘူးဆိုတဲ့ ကတိကောင်းတယ် ။
အဲလိုနဲ့ အငယ်ဆုံးလိပ်ကလေးက ထွက်သွားတော့ မိသားစုအားလုံးက ဘာမှမစားမသောက်ပဲ အငယ်ဆုံးလိပ်ကလေးကိုစောင့်နေကြတ
အငယ်ဆုံးလိပ်ကလေးက တစ်လကြာလည်း ပြန်မလာ နှစ်လ ကြာလဲ ပြန်မလာ အဲတော့ မိသားစုအားလုံးလဲ ဗိုက်ဆာလာတာပေါ့ ။
မိသားစုလည်း အငယ်ဆုံးလိပ်ကလေးကို မစောင့်တော့ပဲ စားမယ်ဆိုပြီး အစားအသောက် တွေကိုထုတ်နေကြတယ် ။
အဲဒီအချိန်မှာ အငယ်ဆုံးလိပ်ကလေးက သစ်ပင်တစ်ပင်နောက်ကနေ ထွက်လာပြီး ကျွန်တော်ထင်သားပဲ ကျွန်တော်ကိုစောင့်နေမှာ မဟုတ်ဘူးလိုလှမ်းပြောလိုက်တယ်တဲ
အဲလိုပါပဲ တစ်ချို့လူတွေက သူများတွေ ဘာလုပ်မယ်ဆိုတာ စောင့်ကြည့်နေရင်နဲ့ ကိုယ်လုပ်ရမယ်အလုပ်တွေ မလုပ်ပဲ အချိန်တွေကုန်သွားတတ်ကြပါတယ် ။
No comments:
Post a Comment