Tuesday, October 29, 2013

ကျေကျေနပ်နပ် လက်ခံလိုက်ရတာ

တစ်ခါက မောင်ဘနဲ့ မောင်မြ ဆိုတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ ယောက်ရှိတယ် ။

တစ်နေ့မှာတော့ ပန်းသီးဆိုင် က အဒေါ်ကြီးတစ်ယောက် က မောင်ဘ နဲ့ မောင်မြ စားဖို ဆိုပြီး မောင်မြကို ပန်းသီး ၂ လုံးပေးလိုက်ပါတယ် ။

ပန်းသီး ၂ လုံးမှာ တစ်လုံးက အနည်းငယ်ကြီး ပြီး တစ်လုံးကတော့ အနည်းငယ် သေးနေပါတယ် ။

မောင်မြက မောင်ဘ နဲ့တွေ့တော့ အနည်းငယ်ကြီးတဲ့ ပန်းသီးတစ်လုံးကို သူယူထားပြီး အနည်းငယ်သေးတဲ့ ပန်းသီးတစ်လုံးကို မောင်ဘ ကိုပေးလိုက်ပါတယ် ။

မောင်ဘက မောင်မြလက်ထဲက ပန်းသီးကို ကြည့်ပြီး ငါကိုသာ ပန်းသီးဆိုင်က အဒေါ်ကြီးက အဲလို ပန်းသီး ၂ လုံးပေးလိုက်မယ်ဆိုရင် ငါက အနည်းငယ်သေးတဲ့ ပန်းသီးတစ်လုံးယူထားပြီး မင်းကို အနည်းငယ်ကြီးတဲ့ ပန်းသီး တစ်လုံး ပေးလိုက်မှာပါ လို မောင်မြကို ပြောလိုက်ပါတယ် ။



အဲဒီတော့ မောင်မြက အခုလည်း မင်းဖြစ်စေချင်တဲ့ အတိုင်း အနည်းငယ်ကြီးတဲ့ ပန်းသီးတစ်လုံး ငါရပြီး အနည်းငယ် သေးတဲ့ ပန်းသီးတစ်လုံး မင်းရတာပဲလေလို ပြန်ပြောလိုက်ပါတယ် ။

အဲဒီလိုပါပဲ ကျွန်တော်တိုဘ၀မှာလဲ ကိုယ်က အဲဒီလောက်ဆိုရင် ကျေနပ်မယ်လို စိတ်ကူးထားပေမယ့် တစ်စုံတစ်ယောက်က ကိုယ်ကိုလာပြီး မင်းအဲလောက်ဆိုရင်တော့သင့်ပြီလို လာပြီး ပြောမယ်ဆိုရင် စိတ်ထဲမှာ အနည်းငယ် မကျေနပ်သလိုမျိုးဖြစ်တတ်ကြပါတယ်

တကယ်တမ်းတော့ ကိုယ်စိတ်ကူးထားတဲ့ အတိုင်းဖြစ်လာတာပါပဲ ဒါပေမယ့် ကိုယ်က သူများသတ်မှတ်ပေးလိုရတာမျိုးထက် ကိုယ်က ကျေကျေနပ်နပ် လက်ခံလိုက်ရတာမျိုးကို ပိုပြီး သဘောကျတတ်ကြပါတယ် ။

No comments:

Post a Comment