ဂျာမန်ပုံပြင်
တစ်ခါက Nightingale ငှက် နှင့် ဥသြငှက်တို.သည် ဘယ်သူက သီချင်းအဆိုကောင်းသလဲဟု အပြိုင်အဆိုင်ဆိုကြပါသည် ။
သူတို.တေးဆိုပုံကို အကဲဖြတ်ရမဲ့သူမှာ မြည်းတစ်ကောင်သာ ဖြစ်သည်။
Nightingale ငှက်က တေးသီချင်းကို စဆိုပါသည် ။ သူ၏ အသံသာသည် တစ်တောလုံးကို ပဲ့တင်ထပ်သွားသဖြင့် အကဲဖြတ်ရမည့် မြည်းသည်ပင်လျှင် နားရွက်ရှည်ကြီးတွေကို လှုတ်ခတ်မိခဲ့ပါသည် ။
မြည်း၏မျက်နှာပေါ်တွင် ရှုတ်ထွေးသောအမူအရာများမှာ ပေါ်လွင်လှပါသည် ။
ထို.နောက် ဥသြငှက်ကလေးက " ဥသြ ...ဥသြ .." ဟု ရိုးရိုးလေး သီဆိုပါတော့သည် ။
ထိုအခါ မြည်းမျက်နှာပေါ်တွင် အလေးအနက်ထားသော အမူအရာများပြလာသည်ကိုတွေ.ရသည် ။
ရိုးလွယ်လွန်းသဖြင့် မြည်း အဖို.ကောင်းစွာ နားလည်ပြီး ချီးကျူးသည့် မျက်နှာပေးဖြင့် ခေါင်းကို တညိတ်ညိတ်လုပ်ပါတော့သည် ။
" ဥသြ... ဥသြ ... " ဟူသော အသံကို မြည်း နားလည်နိုင်ပါသည် ။ မြည်းတစ်ကောင်အဖို. ထို.ထက်ပိုရ်ျ နားမလည် နိုင်ပါ ။
သူနားလည်သည်ကို ကြားရသဖြင့် " ဟီးးးဟီး .....ဟီးးဟီးးး " ဟု မြည်းက သြဘာပေးပါသည် ။
ထိုပြိုင်ပွဲတွင် မြည်း က ဥသြငှက်၏ တေးဆိုမှုကို အနိုင်ပေးလိုက်သည်မှာ ဘာမှ မထူးဆန်းပါ ။
လူအများစုသည် ဆုံးဖြတ်ချက်ချရာတွင် မြည်းဆုံးဖြတ်သလိုမျိုး ဆုံးဖြတ်တတ်ကြပါသည် ။
ကျွန်တော်တို.ရဲ့အကန်.အသတ်အမြင်
သူတပါးရဲ့ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ရဲ့ စိတ်ဓါတ်ကျဆင်းမှုမဖြစ်ပါစေနဲ့ ။
သူရဲ့နားလည်နိုင်မှုအရသူဆုံးဖြတ်
ကျွန်တော်တိုရဲ့ အခြေအနေက သူတစ်ပါးထင်ထားတာတတ် ပိုပြီး ကောင်းတဲ့ အခြေအနေမျိုး ဖြစ်နိုင်သလို၊ သူတစ်ပါးသတ်မှတ်ထားတာထက် ပိုပြီးဆိုးရွားတဲ့ အခြေအနေမှာလည်းရှိနေိုင်ပါတယ် ။
အဲဒါကြောင့် အနိုင်ရတိုင်းလည်း ကိုယ်တော်လို မဖြစ်နိုင်သလို၊ ရူံးနိမ့်တိုင်းလည်း မိမိမတော်တာ မဖြစ်နိုင်ပါဘူး ။
No comments:
Post a Comment