Tuesday, October 29, 2013

အပြာရောင် ဖဲကြိုး လေး သုံးခု


တစ်နေ့သော အခါ မှာ အထက်တန်း ကျောင်း တစ်ကျောင်း ရဲ့ စာသင်ခန်း တစ်ခု ကို သင်ကြား တဲ့ ဆရာမ တစ်ယောက် ဟာ သူ့ အတန်း ထဲက ကလေး တွေ ကို တစ်ယောက် ချင်း အတန်း ရှေ့ကို ခေါ်ထုတ် ပြီး သူတို့ဟာ ဆရာမ ဖြစ်သူ သူ့ အတွက် ရော၊ အတန်း ကိုပါ ထူးထူး ခြားခြား ဖြစ်အောင် ပြုလုပ် နိုင်ခဲ့တဲ့ သူတွေ ကို လက်ဆောင် တစ်ခုစီ ပေးဖို့ ဆုံးဖြတ် လိုက် ပါတယ်။ အဲဒါနဲ့ အတန်း ထဲက ကျောင်းသား တစ်ဦး ချင်း စီကို အတန်း အတွက် ရော၊ ဆရာမ အတွက် ပါ ထူးထူး ခြားခြား ဖြစ်စေ ခဲ့တဲ့ သူတွေ လို့ ချီးကျူး စကား ပြောပြီး လက်ဆောင် တစ်ခု စီ ပေးပါတယ်။ အဲဒီ လက်ဆောင် က အပြာရောင် ဖဲကြိုးလေး တစ်ခု ဖြစ်ပြီး ဖဲကြိုး ပေါ် မှာတော့ ရွှေရောင် စာလုံးလေး နဲ့ ရိုက်နှိပ် ထား တာက “ ကျွန်တော် ဟာ ထူးခြား တဲ့သူ ” ဆိုတဲ့ စာလုံးလေး တွေ ဖြစ် ပါတယ်။ ကလေး တွေ ဟာ ဆရာမ ရဲ့ လက်ဆောင် ဖဲကြိုးပြာ ကလေး တွေ ကိုယ်စီ နဲ့ ပျော်ရွှင် ကျေနပ် လို့ နေကြ ပါတယ်။

တစ်လ လောက် ကြာတဲ့ အခါမှာ ဆရာမ ဟာ သူ့အတန်း ထဲက ကလေးတွေ ကို ဖဲကြိုးပြာ နဲ့ ပတ်သက် တဲ့ စီမံကိန်း လေး တစ်ခု ပြုလုပ် ဖို့ အကြံ ရပါတယ်။ အဲဒီ စီမံကိန်း ကတော့ ကလေးတွေ ကို ဖဲကြိုးပြာ သုံးခု စီ ပေးပြီး အတန်း ပြင်ပ ကို ထွက်ခိုင်း ကာ အခြားသော လူတွေ ကို ဒီ ဖဲကြိုးပြာ ကလေးတွေ ကို ဝေငှ စေခြင်း ဖြစ်ပါတယ်။


 ပြီးတော့ လည်း အဲဒီ ဖဲကြိုး ကို ဝေငှ ခံရသူတွေ ဟာ ဝေငှ တဲ့ ကျောင်းသား ကိုယ်တိုင် က လေးစား ရတဲ့သူ၊ ချစ်ခင် နှစ်သက် ရတဲ့ သူ ဖြစ်ဖို့ လည်း လိုပါ တယ် လို့ ဆရာမ က ညွှန်ကြား ချက် ပေးလိုက် ပါ တယ်။ အဲဒီ လို ဖဲကြိုး ပြာလေး ကို မိမိ လေးစား တန်ဖိုး ထားရသူ တွေ ကို လက်ဆင့်ကမ်း ပေးလိုက် ခြင်း အားဖြင့် ရရှိ လာမဲ့ အကျိုး သက်ရောက် မှု၊ အပြောင်း အလဲ ကို ဆရာမ က စိတ်ဝင် စားတဲ့ အတွက် ကြောင့် ပါ။ အဲဒီ စီမံကိန်း စတာ နဲ့ အတန်း ထဲက ကျောင်းသား လေး တစ်ဦး ဟာ သူတို့ကျောင်း နဲ့ မဝေး လှတဲ့ ကုမ္ပဏီ တစ်ခုက လက်ထောက် မန်နေဂျာ လေး တစ်ဦး ဆီ ကို သွားပြီး ဖဲကြိုးပြာလေး တစ်ခုကို သူ့ရဲ့ ရှပ်အင်္ကျီ ပေါ် ထိုးပေး လိုက်ပါတယ်။ အဲဒီ လက်ထောက် မန်နေဂျာလေး ဟာ ကျောင်းသား ဖြစ်သူ လေးစား ရတဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ ဘာကြောင့် လည်း ဆိုတော့ ကျောင်း သားလေး ကို ထို လက်ထောက် မန်နေဂျာ လေးက အကူ အညီ အများ ကြီး ပေးခဲ့ ဖူး တာကြောင့်ပါ။

ထို့နောက် ကျောင်းသား လေး ဟာ လက်ထောက် မန်နေဂျာ လေး ကို သူရထား တဲ့ နောက်ထပ် ဖဲကြိုးပြာ လေး ၂ ခု ကိုပါ ပေး လိုက် ပြီး “ ကျွန်တော် တို့ဟာ အတန်း ရဲ့ စီမံကိန်း တစ်ခု ကို လုပ်နေ ကြ တာပါ။ ဆရာမ က ဖဲကြိုးပြာ ၃ခု ကို ကျွန်တော် တို့ တစ်ဦးစီ ကို ပေး ပြီး တစ်ခု ကို ကိုယ် လေးစား အားကျ ရတဲ့ သူ ကို ပေးပြီး ကျန်တဲ့ ၂ ခု ကို အဲဒီလူ က သူလေးစား အားကျ ရ၊ အလေး အနက် တန်ဖိုး ထားရတဲ့ အခြားသူ တစ်ဦး ကို ပေးဖို့ ညွှန်ကြား လိုက် ပါတယ်။ ဒါကြောင့် ဒီ ဖဲကြိုးပြာ ၂ ခု ကို ခင်ဗျား က လက်ခံ ယူပြီး ခင်ဗျား လေးစား တန်ဖိုး ထားရတဲ့  သူကို ပေးလိုက် ပါ။ အဲဒီ လူ ကလည်း ကျန် တဲ့ ဖဲကြိုး တစ်ခုကို သူ လေးစား တဲ့သူ၊ သူ တန်ဖိုး ထားရတဲ့ သူ ကို ထပ်ပြီး ပေးပေး ပါ။ ပြီးရင် ဒီ ဖဲကြိုး ပြာ နဲ့ ပတ်သက် ပြီး တစ်စုံ တစ်ခု ထူးခြား ရင် ကျွန်တော့် ကို ပြန်ပြော ပြပါ” လို့ မှာ လိုက် ပါတယ်။

ဖဲ ကြိုးပြာလေး ကို လက်ခံ ရရှိတဲ့ လက်ထောက် မန်နေဂျာ ကလေး ဟာ သူ့ အလုပ်ရှင် သူဌေး ကို သွားရောက် တွေ့ဆုံ ပါတယ်။ သူဟာ သူဌေး ရဲ့ ရှေ့ ကခုံ မှာ ထိုင် လိုက်ပြီး ဖဲကြိုးပြာ လေး ကို လက်ဆောင် အဖြစ် လက်ခံ ဖို့ သူဌေး ကို တောင်းဆို လိုက်ပါ တယ်။ ရုတ်တရက် မမျှော်လင့် ဘဲ တောင်းဆို ခံ ရတဲ့ သူဌေး ဖြစ်သူ ဟာ အံ့သြ သွားပြီး “ဒီ ဖဲကြိုးပြာ ကို ဘာဖြစ်လို့ ဦး ကို လက်ဆောင် ပေးချင် ရတာလဲ” လို့ မေးလိုက် ပါတယ်။ ဒီတော့ မန်နေဂျာ ကလေးက “သူဌေး ဟာ အလုပ် ထဲမှာ ကျွန်တော် လေးစား ရတဲ့ သူ တစ်ဦး ပါ။ ပြီးတော့ သူဌေး ဟာ ဒီလောက် ကြီးကျယ် တဲ့ စီးပွားရေး လုပ်ငန်းကြီး တစ်ခု လုံး ကို အောင်အောင် မြင်မြင် နဲ့ ဦးစီး နိုင်တဲ့ သူပါ။ အဲဒီလို အောင်မြင် တာ ဟာ လည်း သူဌေး ရဲ့ ထူးချွန် ထက်မြက်မှု ကြောင့်ပါ။ ဒါကြောင့် လည်း သူဌေး ဟာ ကျွန်တော် လေးစား အားကျ ရတဲ့ သူ တစ်ဦး ဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော် လေးစား ရတဲ့ သူဌေး ကို ဒီ ဖဲကြိုးပြာ လေး ဂုဏ်ပြု လက်ဆောင် ပေးချင် လို့ပါ ”လို့ ပြော လိုက်တော့ သူဌေး ရဲ့ မျက်နှာ ဟာ အစောက ထက် တောင် ပိုပြီး အံ့သြ သွားဟန် ရှိပါတယ်။

ထို့ နောက် တော့ သူဌေး ဟာ မန်နေဂျာ လေး ရဲ့ မျက်နှာ ကို ကြည့်လိုက် ပြီး “ကောင်းပြီ လေ. မင်းရဲ့ ဖဲကြိုးပြာ လက်ဆောင် ကို ငါလက်ခံ ပါတယ်” လို့ ပြောလိုက် ပါတယ်။ ဒါနဲ့ မန်နေဂျာလေး ဟာ ဖဲကြိုး အပြာ တစ်ခု ကို ယူလိုက် ပြီး သူဌေးရဲ့ အပေါ် ကုတ် အင်္ကျီ ရင်ဘတ်လေး မှာ ထိုးပေး လိုက်ပြီး ဖဲကြိုး နောက် တစ်ခု ကိုတော့ သူဌေး လက်ထဲ ထည့် ပေးလိုက် ပါတယ်။ “သူဌေး ကျွန်တော့် ကို တစ်ခု လောက် ပြန် ကူညီပါ။ ဒီ ဖဲကြိုးပြာ လေး တစ်ခု ကိုလည်း သူဌေး က လက်ခံ ပြီး သူဌေး ကိုယ်တိုင် က လေးစား ရတဲ့ သူ၊ ချစ်ခင် မြတ်နိုး ရတဲ့ သူ တစ်ဦးဦး ကို ဒီ ဖဲကြိုလေး ကို လက်ဆောင် အဖြစ် ပေးပေး ပါ။ ဒီကိစ္စ ဟာ ကျောင်းသားလေး တစ်ဦး က ကျွန်တော့် ကို အကူအညီ တောင်း တာပါ။ ဒီ ဖဲကြိုးပြာ လေး ကို လက်ခံ ရရှိတဲ့ တစ်စုံ တစ်ယောက် ဟာ ဘယ်လို များ အပြောင်း အလဲ တွေ ဖြစ်သွား သလဲ ဆိုတာ ကို သူ့ကို ပြန်ပြော ဖို့ မှာ လိုက်လို့ပါ” လို့ ပြောတော့ သူဌေး က လည်း ဖဲကြိုး ကို လက်ခံ ပြီး သဘောတူ လိုက် ပါတယ်။

အဲဒီနေ့ ညမှာ ဘဲ ဖဲကြိုး ပြာလေး ကို လက်ခံ ရရှိတဲ့ သူဌေး ဟာ အိမ်ပြန် ရောက်တော့ သူရဲ့ အသက် ဆယ့် လေးနှစ် အရွယ် သား ကလေး ကို ခေါ်ပြီး သူ့ အနားမှာ ထိုင်စေ လိုက်ကာ “ဒီနေ့တော့ ဖေဖေ့ အတွက် အရမ်း ကို အံ့သြ ထူးဆန်း ပြီး စိတ် လှုပ်ရှား ရတဲ့ နေ့ပါဘဲ သားရေ… ဖေဖေ့ ကုမ္ပဏီ က မန်နေဂျာ လေး တစ်ယောက် က ဖေ့ဖေ့ ကို လေးစား ချစ်ခင် လို့ ဆိုပြီး ဒီ ဖဲကြိုးပြာ လေး ကို လက်ဆောင် အဖြစ် ပေးလာ တယ်။” လို့ သူ့ရင်ဘတ် ပေါ်က ဖဲကြိုးပြာ လေး ကို လက်လေး နဲ့ ပုတ်ပြကာ ပြောပြ ပါတယ်။ “ သား စဉ်းစား ကြည့်.. သူဟာ ဖေ့ဖေ့ ကို ထူးချွန် ထက်မြက်တဲ့ သူ ဆိုပြီး သူ့ရဲ့ ဖဲကြိုးပြာလေး ကို ဖေဖေ့ ကို ဂုဏ်ပြူ တဲ့ အနေနဲ့ လက်ဆောင် ပေး လိုက်တယ် လေ။ ပြီးတော့ လည်း သူ က နောက် ထပ် ဖဲကြိုးပြာ လေး တစ်ခု ကို ဖေဖေ့ ကို ထပ်ပေးပြီး အဲဒီ ဖဲကြိုး ကလေး ကိုတော့ ဖေဖေ က ချစ်ခင် လေးစား ရတဲ့ ၊ ဂုဏ်ပြု ချင်တဲ့ သူ တစ် ဦးဦး ကို ပေးပေး ပါ ဆိုပြီး ပြောလာ တယ်” ဖခင် ဖြစ်သူ က သူ့သား ဟာ သူ့ရဲ့ စကားတွေ ကို စိတ်ဝင် တစား နားထောင် နေမနေ တစ်ချက် အကဲခတ် လိုက်ပြီး မှ ဆက်ပြော ပါတယ်။

“ဖေဖေ အိမ်ပြန် လာတဲ့ လမ်းမှာ ကားမောင်း နေရင်း တလျှောက် လုံး စဉ်းစား လာမိ တယ်။ ဖေဖေ ဒီ ဖဲကြိုးလေး ကို အပေး ချင်ဆုံး သူ ဟာ ဘယ်သူလဲ လို့ပေါ့။ နောက်ဆုံး တော့ သား ကိုဘဲ ဖေဖေ စဉ်းစား မိတယ်။ သား ကို ဖေဖေ ဂုဏ်ပြု ချင်ပါတယ်။ သား သိတဲ့ အတိုင်း ဖေဖေ ဟာ အရမ်း ကို အလုပ်များ တဲ့ အတွက် သား ကို အချိန် မပေးနိုင် ဖြစ်ခဲ့ ရတယ်။ အလုပ် ကနေ အိမ်ပြန် ရောက် တော့လည်း ပင်ပန်း နွမ်းနယ် နေတော့ သားကို ဂရုမစိုက် မိဘူး။ တခါ တလေ ကျောင်း က စာမေးပွဲ မှာ သား အမှတ်ကောင်း မရတဲ့ အခါ ဖေဖေက သား ကို ဂရုတစိုက် ဖေးမ ရမဲ့  အစား အော်ဟစ် ဆူပူ မိတယ်။ သားရဲ့ စိတ်ကို အနာတရ ဖြစ်အောင် ဖေဖေ လုပ်ခဲ့ မိတယ်။ ဒီနေ့ တော့ ဖေဖေ က သားကို ဒီကို ခေါ်ပြီး အနားမှာ ထိုင်စေ တာက ဒီ ဖဲကြိုးပြာ လေး ပေးချင် လို့ပါ။ သား ဟာ ဖေဖေ့အတွက် အရေး အကြီးဆုံး သူ တစ်ဦး ပါ။ သားဟာ လူတော်လေး တစ်ဦး ပါ။ ဖေဖေ သား ကို ချစ်ပါတယ် သားရယ် ” ဖခင် ဖြစ်သူ ဟာ စကားကို အဆုံးသတ် လိုက်ပြီး သူ့ လက်ထဲ က ဖဲကြိုး ပြာလေး နောက် တစ်ခုကို သူ့သား ရဲ့လက်ထဲ ကို ထည့်ပေး လိုက် ပါတယ်။

အဲဒီ အခါမှာ ကောင် ကလေး ရဲ့ ပါးပြင် ပေါ်မှာ မျက်ရည် ပေါက်များ လိမ့်ဆင်း လာပြီး ရှိုက်ကြီး တငင် ငိုကြွေး ပါတယ်။ ထို့နောက် ရပ်တန့် လို့ မရနိုင် တော့ လောက် အောင် ကိုဘဲ တစ်ကိုယ် လုံး ကို တစ်သိမ့် သိမ့် တုန် ခါပြီး ဆက်ခါ ဆက်ခါ ငိုကြွေး ပါတယ်။ ဖခင် ဖြစ်သူ က သားကို ညင်သာ စွာ ပွေ့ဖက်ပြီး “ သား .. ဘာဖြစ် လို့လဲ .. ဘာ ကြောင့် ဒီလောက် တောင် ရှိုက်ကြီး တငင် ငိုကြွေး နေတာလဲ . ဖေဖေ့ ကို ပြောပြ ပါဦး” လို့ နူးညံ့ သိမ်မွေ့ တဲ့ အသံနဲ့ ပြောတဲ့ အခါမှာ သား ဖြစ်သူ ဟာ မျက်ရည် တွေ ပြည့်လျှံ နေတဲ့ မျက်လုံး တွေနဲ့ ဖခင် ကို ကြည့် လိုက်ပါ တယ်။ ထို့နောက် သူ့ပါးစပ် ကနေ စကားတွေ တစ်လုံး ချင်း ထွက်လာ ပါတော့ တယ်။

“ကျွန်တော် ဟာ မနက်ဖြန် ကျရင် ကိုယ့်ကိုယ် ကို သတ်သေ တော့မယ် လို့ စိတ် ဆုံးဖြတ်ထား ခဲ့တာပါ။ ဘာကြောင့် လည်း ဆိုတော့ ဖေဖေ က ကျွန်တော့် ကို ဘယ်တော့ မှ ဂရုမစိုက် ဘဲ အမြဲ တမ်း အော်ဟစ် ဆူပူ နေခဲ့ တယ်။ ဒါကြောင့် ဖေဖေ ကျွန်တော့် ကို မချစ်ဘူး လို့ဘဲ ထင်ခဲ့ မိတယ်။ ကျွန်တော့် သူငယ်ချင်း သားအဖ တွေ ကို ကြည့် လိုက်ရင် သိပ် အားကျ ဖို့ကောင်းခဲ့ တယ်။ ကျွန်တော့် ကို အဖေ က မချစ် ပေမဲ့ သူတို့ အဖေတွေ ကတော့ သားတွေ ကို သိပ်ချစ် တယ် လို့ ကျွန်တော် ထင်ခဲ့ တယ်။ ဒါကြောင့် ဖေဖေ့ ရဲ့ ချစ်ခင်ခြင်း ကို မခံ ရတဲ့ သား တစ်ယောက် အနေ နဲ့ ဒီ လောက ကြီး ထဲမှာ မနေချင် တော့ လို့ ကျွန်တော် ကိုယ့် ကိုယ်ကို သတ်သေ တော့မယ် လို့ ဆုံးဖြတ် ခဲ့တာပါ။ ခုတော့ ..... ခုတော့ ဖေဖေ က ကျွန်တော့် ကို ချစ်တယ် ဆိုတာ သိလိုက် ရလို့ ဒီလိုလုပ်ဖို့ မလို တော့ဘူး ဆိုတာ ကျွန်တော် သိသွားပါပြီ ” လို့ အသက် ဆယ့် လေးနှစ် အရွယ် သား ကလေး က ဖခင် ပေးလိုက် တဲ့ ဖဲကြိုး ပြာလေး ကို တင်းတင်း ဆုပ်ကိုင်ရင်း မျက်ရည် တွေ ကြားကနေ အပြုံး တစ်စ နဲ့ အတူ ပြောလိုက် ပါတော့ တယ်။

ဖဲကြိုးပြာ စီမံကိန်းနဲ့ ပတ်သက် ပြီး ရရှိလိုက် တဲ့ ရလဒ် အတွက် ဆရာမ ရော အတန်း ထဲက ကလေး တွေ ပါ ကျေနပ် ပျော်ရွှင် နေကြမယ် ဆိုတာ သေချာ ပါတယ်။ ကျွန်မ တို့လည်း ကိုယ် ချစ်ခင် မြတ်နိုး တဲ့သူ၊ လေးစား တန်ဖိုး ထားရတဲ့ သူတွေ ကို ဖဲကြိုးပြာ နဲ့ တူတဲ့ အသိ အမှတ် ပြုမှုမျိုး ၊ ချစ်ခင် လေးစား မှုမျိုး ကို ပြဖို့ ဝန်မလေး သင့် ကြ ပါဘူး နော်။

The Three Blue Ribbons ( Unknown Author ) ကို ဆီလျော် အောင် ဘာသာပြန် ရေးဖွဲ့ ပါသည်။

credit - ချော ( အစိမ်းရောင် လွင် ပြင် )

No comments:

Post a Comment