Tuesday, October 29, 2013

အမြင်မကြည့်လင်တာနဲ့

တစ်ခါက ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကျွန်တော်တို့ရွာကို ကားလေနဲ့ ပြန်လာကြပါတယ် ။

ရွာလမ်းဆိုတော့ ကပ်တစ်ရာလမ်းမဟုတ်ပဲ မြေလမ်းဆိုတော့ ဖုန်တွေ အရမ်းထပါတယ် ။

ပိုဆိုးတာက ကိုယ့်ကားရဲ့ ရှေ့မှာ ကားလေးတစ်စီးက မောင်းနေတော့ လမ်းပေါ်မှာ ဘာရှိတယ်ဆိုတာတောင် ကောင်းကောင်းမမြင်ရလောက်အောင် ဖုန်တွေထနေပါတယ် ။

အဲဒီတော့ ကျွန်တော်တို သူငယ်ချင်းတစ်စုလည်း ဖုန်တွေလိမ်းနေအောင် မောင်နေတဲ့ ရှေ့ကကားသမားကို စိတ်တိုနေကြတာပေါ့

ကျွန်တော်တိုလည်း အရှေ့ကကားကို ကျော်ဖို ကြိုးစားပေမယ် လမ်းက နဲနဲ့ ကျဉ်းနေတဲ့အတွက် ကျော်လိုမရဖြစ်နေပါတယ် ။




အဲလိုနဲ့ တစ်နေရာအရှောက်မှာတော့ ရှေက ကားက ဘေးနဲနဲကပ်ပြီး အရှိန်လျှော့လိုက်တဲံအတွက် ကျွန်တော်တိုကားက ကျော်တတ်ဖို နေရာယူလိုက်ပါတယ် ။

ဒါပေမယ့် ဖုန်တွေတစ်ထောင်းထောင်းထနေတော့ အရှေ့မှာ ဘာတွေရှိနေလဲဆိုတာ သဲသဲကွဲကွဲတော့ မမြင်ရပါဘူး ။

ကျွန်တော်တိုကား ရှေကကားကို ကျော်အတတ်မှာ ရှေ့ကကားပေါ်က လူက ကျွန်တော်တိုကားကို လှမ်းကြည့်ပြီး နွားလို အော်ပြောလိုက်ပါတယ် ။

လမ်းမှာ ဖုန်မွန်းလို ဒေါသထွက်နေတဲ့ ကျွန်တော်တိုက ကျွန်တော်တိုကို နွားလိုပြောတဲံ ရှေ့ကားပေါ်က လူကို ကျွန်တော်တိုကို ဆဲတယ်လိုထင်သွားပါတယ် ။

အဲဒါနဲ့ ကျွန်တော်တိုက အဲဒီလူဘက်ကိုလှည့်ပြီး ကျွန်တော်တိုက နွားဆို ခင်ဗျာက ကျွဲဆိုပြီး ပြန်ပြီး အော်ပြောလိုက်ကြပါတယ် ။

အဲဒီအချိန်မှာပဲ ကျွန်တော်တိုကားက နွားတစ်ကောင်ကိုတိုက်မိပြီး ရပ်သွားပါတယ် ။

ကျွန်တော်တိုသူငယ်ချင်းတွေလည်း ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ် ။

သူတစ်ပါးပြောတာကို ကောင်းဖိုပြောတာလား ဆိုတာ သေချာမသုံးသပ်ခင် သတိလက်လွတ် ခွန်းတုံမပြန်မိဖို ဆိုတဲ့ အတွေးလေးဝင်လာပါတယ် ။

တကယ်လို ကျွန်တော်တိုသာ သူကို ခွန်းတုံပြန်ဖို စိတ်မလောပဲ သူနွားလိုအော်လိုက်တဲ့အချိန် သတိထားခဲ့မိရင် နွားကိုတိုက်မိမှာ မဟုတ်ပါဘူး ။

ကျွန်တော်တို့တွေက ကျွန်တော်တို စိတ်မကြည့်နေတဲ့အချိန်မှာ ကျွန်တော်တို အမြင်စောင်းနေတဲ့ တစ်စုံတစ်ယောက်က ကျွန်တော်တို ကောင်းရာကောင်းကျိုး လာပြောရင်တော့ အဲဒီလူပြောတာကို အကောင်းမမြင်ပဲ ဘုကလန့်လုပ်တတ်ကြပါတယ် ။

ကိုယ်က အဲဒီလူအပေါ်မှာ အမြင်မကြည့်လင်တာနဲ့ သူက ကိုယ်ကောင်းဖိုပြောတာ မဖြစ်နိုင်ပါဘူးလိုပဲ တွေးပြီး သူက ဘယ်လိုကောင်းမွန်စွာပြောပြော လက်မခံနိုင်ပဲဖြစ်နေတတ်ကြပါတယ် ။

No comments:

Post a Comment