ဝက်ဝံကြီးက သူတို့နှစ်ယောက်ကိုမြင်တော့ နောက်ကနေ လိုက်လာတဲ့အတွက် သူငယ်ချင်းနှစ်ယောက်လည်း ပြေးကြတာပေါ့ ။
အဲလိုပြေးရင်းနဲ့ နောက်မှာ အနည်းငယ် နောက်ကျပြီး ကျန်ခဲတဲ့ သူငယ်ချင်းက သူကို ၀က်ဝံမိတော့မှာပဲလိုတွေးကြောက်ြ
နောက်က သူငယ်ချင်းက လှမ်းဆွဲလိုက်တဲ့အတွက် အရှေ့က သူငယ်ချင်းက အရှိန်မထိမ်းနိုင်ပဲ လဲကျသွားပါတယ် ။
နောက်က သူငယ်ချက်း က လဲကျနေတဲ့ သူငယ်ချင်း ကိုကျော်ပြီး သစ်ပင်တစ်ပင်ပေါ်ပြေးတက်ပြီး သစ်ပင်ပေါ်က သစ်ကိုင်းတွေသစ်ရွက်တွေ ကြားမှ ပုန်းနေလိုက်တယ်။
လဲကျကျန်နေခဲတဲ့ သူငယ်ချင်းကတော့ သူ့ ကို ၀က်ဝံကြီ ရန်မူတော့မယ်ဆိုတာကို သိတော့ အသက်အောင့်ပြီး သေချင်ယောင်ဆောင်နေလိုက်ပါတယ် ။
ဝက်ဝံကြီးက လဲကျနေတဲ့သူငယ်ချင်း အနားကပ်လာပြီးတော့ သူ့ ကို အနံ့ ခံကြည့်တဲ့အခါ အသက်အောင့်နေတဲ့အတွက် အသက်မရှင်တော့ဘူးလို ထင်သွားပါတယ် ။
ခဏလောက်နေတော့ ၀က်ဝံကြီးလည်း လဲနေတဲ့ သူငယ်ချင်းဘေးနားကနေ ထွက်သွားပါတယ်။
ဝက်ဝံဆိုတာ အသက်ရှင်နေတဲ့ သတ္တ၀ါတွေကိုသာ ဒုက္ခပေးတတ်ပြီး သေနေတဲ့ သတ္တ၀ါတွေကိုတော့ မထိမကိုင်တတ်ကြဘူး။
အဲဒါတွေကို သစ်ပင်ပေါ်ကိုရောက်နေတဲ့ သူငယ်ချင်းက တွေမြင်နေရပါတယ် ။
ဝက်ဝံထွက်သွားပြီးခဏနေတော့ သစ်ပင်ပေါ်က သူငယ်ချင်းက သစ်ပင်ပေါ်ကနေပြန်ဆင်းလာတယ်။
သစ်ပင်ပေါ်ကိုတတ်နေတဲ့ သူငယ်ချင်းက လဲကျနေတဲ့ သူငယ်ချင်းကို ၀က်ဝံကြီးက မင်းအနားကို ကပ်ပြီး ဘာတွေလာပြောနေတာလဲလို့ လဲကျနေတဲ့ သူငယ်ချင်းကို မေးလိုက်ပါတယ်။
လဲကနေတဲ့သူငယ်ချင်းက “၀က်ဝံက ငါ့ကို အကြံပေးသွားတယ်။ အန္တရယ်နဲ့ တွေ့နေတဲ့အချိန်မှာ ကိုယ့်ကို ချနင်းပြီး စွန့် ခွာသွားတတ်တဲ့ သူငယ်ချင်းမျိုးနဲ့ ဘယ်တော့မှ ခရီးအတူတူမသွားပါနဲ့ တဲ့” လို့ ပြောလိုက်တယ်။
အဲဒီလို လဲကျနေတဲ့ သူငယ်ချင်းက ပြောလိုက်တော့ သစ်ပင်ပေါ်တတ်သွားတဲ့ သူငယ်ချင်းက နောင်တရသွားပါတယ် ။
အဲဒီလိုပါပဲ့ ကျွန်တော်တို့ ဘ၀မှာလဲ သူငယ်ချင်းတွေ မိတ်ဆွေတွေ အများကြီး တွေခဲ့ကြဖူးပါတယ် ။
အဲဒီ သူငယ်ချင်း မိတ်ဆွေတွေ အများထဲက ဘယ်သူကတော့ မိမိအတွက် သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဆိုတာကိုတော့ ကျွန်တော်တိုတွေ သချာဆန်းစစ်လေ့လာဖို့တော့ လိုပါတယ်။
မိမိဒုက္ခရောက်တဲ့ အချိန်အခါမျိုးတိုင်းမှာ မိမိကို စွန့်ခွာသွားတတ်တဲ့ သူငယ်ချင်း မိတ်ဆွေမျိုး၊ သာလျှင်တော့ပါင်းပြီးညာစားတတ်တဲ
No comments:
Post a Comment