Tuesday, October 29, 2013

အသက်ရှင် ရပ်တည်သွားဖို့

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်က ပင်လယ်ကူးသင်္ဘောနဲ့ လိုက်ပါလာကြပါတယ် ။

ပင်လယ်ခေါင်ရောက်တော့ သူတိုစီးလာတဲ့ သင်္ဘောမှောက်ပါလေရော ။

အဲဒီတော့ သူငယ်ချင်းနှစ်ယောက်က သူတိုနားမှာရှိတဲ့ လေဖြည့်ထားတဲ့ မော်တော်ကားကျွတ်တစ်လုံးကို ၂ ယောက် အတူတူခိုစီးပြီး လိုက်ပါလာကြပါတယ် ။

အဲလိုလိုက်ပါလာရင် သူငယ်ချင်းတစ်ယောက်က သူအိတ်ထဲမှာ ပါလာတဲ့ အပ်ကလေးနဲ့ မော်တော်ကားကျွတ်လေးကို ထိုးဆွဖောက်ပြီး ကစားနေပါတယ် ။

အဲဒီအချိန်မှာ နောက်သူငယ်ချင်းက တွေ့သွားပြီး အဲလို မော်တော်ကားကျွတ်ကို အပ်နဲ့ ထိုးဆွဖောက်ပြီး မကစားဖိုပြောပါတယ် ။

အဲဒီတော့ အပ်နဲ့ ထိုးဆွဖောက်ပြီး ကစားနေတဲ့ သူငယ်ချင်းက မပူပါနဲ့ သူငယ်ချင်းရာ ငါကငါ့ဘက်အခြမ်းမှာပဲ လုပ်တာပါ ငါမင်းဘက်အခြမ်းကို ဘာမှ မလုပ်ပါဘူးလို သူ့သူငယ်ချင်းကို ပြန်ပြောလိုက်ပါတယ် ။ 




တစ်ခါတစ်ရံမှာ ကျွန်တော်တိုတွေက ငါ့ဘာသာငါလုပ်တာ သူတိုနဲ့ မဆိုင်ဘူး သူတို့ကို မထိခိုက်နိုင်ပါဘူး သူတို့မနစ်နာနိုင်ပါဘူးလို ထင်နေတတ်ကြပါတယ် ။

အဲလိုမျိုးအတွေး တွေးပြီး ကိုယ်ထင်ရာလုပ်နေကြတဲ့ သူတွေကြောင့် သူတို့ရဲ့ ပါတ်ဝန်းကျင်က သူတို့ကြောင့် အများကြီးထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ကြုံခဲ့ကြပါတယ် ။ ဒါပေမယ့် အဲဒါသူတိုကြောင့်ဖြစ်တယ်ဆိုတာကို မသိပဲဖြစ်နေတတ်ကြပါတယ် ။

အဲလိုမျိုးအဖြစ်တွေ မဖြစ်ရအောင် ကိုယ်အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ်ကြောင့် သူတစ်ပါးထိခိုက်နစ်နာ ဆုံးရှုံးနိုင်သလားဆိုတာကို သေချာဆန်းစစ်ပြီး မိမိကြောင့် သူတစ်ပါးထိခိုက်နစ်နာဆုံးရှုံးမှု မဖြစ်အောင် ကြီုးစားပြီး အသက်ရှင် ရပ်တည်သွားဖို့ အရေးကြီးပါတယ် ။

No comments:

Post a Comment