Tuesday, October 29, 2013

မှန်ကန်တဲ့အလုပ်


စူပါမားကက်ကြီးတစ်ခုအတွင်း ငွေပေးရှင်းတဲ့နေရာမှာ ကလေးတစ်ဦးက နို့ပုလင်းတစ်လုံးကို လက်ကလွတ်ကျပြီး၊ ကွဲသွားတယ်။

့တွေကကြမ်းပြင်အနှံ့ ပျံ့ကျဲပြီး၊ ဖိတ်စင်ကုန်တယ်။ “မင်းက တကယ့်ကို သုံးမရတဲ့ကလေးဘဲ။” လို့ သူ့အမေက ပြောလိုက်တယ်။

အခြားငွေရှင်းကောင်တာတစ်ခုမှာတော့ ကလေးတစ်ယောက်က ပျားရည်ပုလင်းကို လွတ်ကျပြီး၊ ကွဲသွားတယ်။

ပျားရည်တွေ ကြမ်းပြင်အနှံ့ပျံ့ကျဲသွားတယ်။ “ဒါကတော့ မင်း အသုံးမကျတဲ့ ကိစ္စတစ်ခုကို လုပ်တာပဲ။” လို့ သူ့အမေက ပြောလိုက်တယ်။

ပထမကလေးကိုတော့ တစ်ဘဝလုံး အသုံးမကျဘူးလို့ သူ့အမေက သတ်မှတ်ပြောဆိုတယ်။



ဒုတိယကလေးကိုတော့ သူ့အမေက အသုံးမကျတဲ့ကိစ္စတစ်ခုကို လုပ်တဲ့သူလို့ သတ်မှတ်ပြီး ပြောဆိုတယ်။

ပထမကလေးကတော့ အသုံးမကျတဲ့ကလေးဖြစ်လာဖို့ ပိုနီးစပ်ပါတယ်။

ဒုတိယကလေးကတော့ အသုံးမကျတဲ့ကိစ္စတွေကို မလုပ်မိဖို့ ကြိုးစားပါလိမ့်မယ်။

အဲဒါကြောင့် ကလေးတွေကို ဆုံးမတဲ့အခါ သတိထားပြီး ဆုံးမတတ်ဖိုလိုအပ်ပါတယ် ။

တစ်ခါလောက်မှားဘူးတာလေးနဲ့ တစ်ဘ၀လုံး အသုံးမကျတဲ့ ကလေးမဖြစ်သွားအောင် ကူညီဖို ပတ်ဝန်ကျင်က တာဝန်ရှိပါတယ် ။

သူတို့တွေ အမှားမလုပ်ခင်က မှန်ကန်တဲ့အလုပ်တွေကို အများကြီးလုပ်ဖူးကြမှာပါ ။

အဲဒါကဘာနဲ့တူသလဲဆိုတော့ အုတ်နံရံကြီးတစ်ခုမှာ အစွန်ဆုံးအုပ်ခဲလေးတစ်ချပ်လောက်ပဲ ကျိုးပဲနေတာနဲ့တူပါတယ် ။

အဲဒီအုပ်ခဲကျိုးလေးတစ်ချပ်ကြောင့် ကျွန်တော်တိုက အုတ်နံရံကြီးတစ်ခုလုံးကိုဖြိုမှာလား ။

ဒါမှမဟုတ် အုတ်ခဲကျိုးလေးကိုဖယ်ပြီး အသစ်ပြန်လဲပေးကြမလား ။

No comments:

Post a Comment