Tuesday, October 29, 2013
အဟာရ
ကျွန်တော်တို့တွေ နေ့စဉ်ဘ၀မှာ ကိုယ်ခန္ဒာကျန်းမာ သန်စွမ်းဖို့ ၊ ဦးနှောက်ဖွံဖြိုးလာဖို နေ့စဉ် အဟာရတွေ လိုအပ်ပါတယ် ။
အဲဒီအတွက် ကျွန်တော်တိုတွေက ကိုယ်ခန္ဒာကျန်းမာ သန်စွမ်းစေတဲ့ အစားအသောက်တွေ စားသုံးကြတယ် ၊ ဦးနှောက်ဖွံဖြိုးလာစေနိုင်တဲ့ အစားအသောက်တွေ စားသုံးကြတယ် ။
အဲဒီလိုပါပဲ ကျွန်တော်တို့ နှလုံးသားတွေ နူညံသိမ်မွေ့မှုရှိလာအောင် လုပ်ဆောင်ဖိုလည်း လိုအပ်ပါတယ် ။
ကျွန်တော်တို့ နှလုံးသားတွေ နူညံသိမ်မွေ့မှုရှိလာအောင် အစားအသောက်တွေက စွမ်းဆောင် မပေးနိုင်ပါဘူး ။
ကျွန်တော်တို့ နှလုံးသားတွေ နူညံသိမ်မွေ့မှုရှိလာအောင် လုပ်ဆောင်ပေးနိင်တဲ့ တစ်ခုတည်းသော အရာကတော့ နှလုံးးသားအဟာရ စာပေများကို ဖတ်ရှုခြင်းပဲဖြစ်ပါတယ် ။
ကိုယ်လက် မကျန်းမာဖြစ်လို ကျန်းမာသန်စွမ်းစေတဲ့ အစားအသောက်တွေ မစားသောက်ချင်ဖြစ်နေရင် ကိုယ်ခန္ဒာကျန်းမာ သန်စွမ်းစေတဲ့ ဆေးတွေထိုး ဆေးတွေစားပြီး ကိုယ်ခန္ဒာကျန်းမာ သန်စွမ်းလာအောင် လုပ်ယူလိုရနိုင်ပါတယ် ။
အဲလိုပဲ ဦးနှောက်ဖွံဖြိုးမှုနဲတဲ့ လူတွေကိုလဲ ဦးနှောက်ဖွံဖြိုးလာတဲ့ အစားအသောက်တွေ မစားသောက်ချင်ရင် ဦးနှောက်ဖွံဖြိုးလာစေနိုင်တဲ့ ဆေးတွေထိုး ဆေးတွေသောက် လုပ်ယူလိုရနိုင်ပါတယ် ။
ဒါပေမယ့် နှလုံသားတွေ ကြမ်းတမ်းနေပြီဆိုရင်တော့ ဘယ်လို အစားအသောက်မျိုး နဲ့ ဘယ်လို ဆေးဝါမျိုးမှ အဲဒီလို ရောဂါကို ကုစားနိုင်စွမ်းမရှိပါဘူး ။
ကျွန်တော်တို့ နှလုံးသားတွေ နူညံသိမ်မွေ့မှုရှိလာအောင် လုပ်ဆောင်ပေးနိင်တဲ့ တစ်ခုတည်းသော နှလုံးးသားအဟာရ စာပေများကို ဖတ်ရှုပြီး နူညံတဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment