Tuesday, October 29, 2013

“စိတ် ဆိုတာ ဘယ်နေရာမှာလဲ”

သိပ္ပံပညာရှင်တွေကတော့ စိတ်ဆိုတာ ဦးနှောက်က တဆင့်ဖြစ်ပေါ်လာတဲ့အရာလို့ ပြောကြပါတယ်။

ဟောပြောပွဲတစ်ခုမှာ
“စိတ်ဆိုတာ တကယ်ရှိပါလား။”
“ရှိခဲ့ရင် ဘယ်နေရာမှာ ရှိပါသလဲ။”
“ကိုယ်ခန္ဓာထဲမှာ ရှိတာလား။ ကိုယ်ခန္ဓာအပြင်မှာ ရှိတာလား။”
“အဲဒါမှမဟုတ် အခြားတစ်နေရာမှာ ရှိတာလား။”
အဲဒီလိုမေးခွန်းကို မေးလာခဲ့ပါတယ် ။

ဒီမေးခွန်းရဲ့အဖြေကိုတော့ ဟောပြောသူက သရုပ်ပြမှုတစ်ခုလုပ်ပြီး ပြန်ဖြေခဲ့ပါတယ်။

ဟောပြောသူက ပရိသတ်ကို မေးခွန်းတစ်ခု မေးပါတယ်။
“အခုအချိန်မှာ ခင်ဗျားတို့ပျော်နေတယ်ဆိုရင် ညာဖက်လက်ကို ထောင်လိုက်ပါ။”
“အခုအချိန်မှာ မပျော်ရွှင်ဘူးဆိုရင် ဘယ်ဖက်လက်ကို ထောင်လိုက်ပါ။”




ပရိသတ်အများစုက ညာဖက်လက်ထောင်ကြပါတယ်။ တချို့လူတွေက အမှန်တကယ်ပျော်လို့ လက်ထောင်ကြတာဖြစ်နိုင်ပေမဲ့၊ တချို့ကတော့ ဟန်ဆောင်ပြီး ထောင်ကြတာဖြစ်နိုင်ပါတယ်။

“ကောင်းပါပြီ၊ အဲဒီလို ပျော်ရွှင်တဲ့လူတွေက ပျော်ရွှင်မှုဆိုတာ ရှိတဲ့နေရာကို ညာဖက်လက်ညိုးလေးသုံးပြီး ထောက်ပြစမ်းပါဗျာ။”

“မပျော်ရွှင်တဲ့လူတွေကလဲ မပျော်ရွှင်မှုဆိုတာ ရှိတဲ့နေရာကို ဘယ်ဖက်လက်ညိုးလေးသုံးပြီး ထောက်ပြစမ်းပါ။ ကျွန်တော့်ကို နေရာတစ်ခု ရှာပေးကြစမ်းပါ။ ” လို့ ဟောပြောသူမှ ဆက်ပြောပါတယ်။

ပရိသတ်က လက်ညိုးကို ဟိုထိုး၊ ဒီထိုးလုပ်ပြီး ဟွေ့ရမ်းနေကြပါတယ်။ ပြီးတော့ စိတ်ရှုပ်ထွေးစွာနှင့် သူတို့အနီးအနားကလူတွေ ဘာလုပ်သလဲလို့ လိုက်ကြည့်ကြပါတယ်။ နောက်တော့ သူတို့ ဟောပြောသူဘာကို ဆိုလိုတဲ့အဓိပ္ပါယ်ကို ရိပ်မိပြီး ရယ်မောနေကြပါတယ်။

ပျော်ရွှင်မှု ဆိုတာ တကယ်ရှိတဲ့အရာပါ။ မပျော်ရွှင်မှု ဆိုတာကလဲ အမှန်တရားပါ။ ဒီလိုအရာတွေ တကယ်ရှိတယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။

ဒါပေမဲ့ ကိုယ်ခန္ဓာထဲမှာ၊ ကိုယ်ခန္ဓာပြင်ပမှာ၊ ဒါမှမဟုတ်အခြားနေရာတစ်နေရာမှာ ရှိနေတယ်လို့ သေသေချာချာပြလို့ မဖြစ်နိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာတွေက စိတ်ခံစားမှု နယ်နိမိတ်ထဲမှာ ပါဝင်တဲ့အရာတွေဖြစ်လို့ပါ။ စိတ်ခံစားမှုအတွင်းမှာ အားလုံးပါဝင်ကြပါတယ်။

ပန်းပွင့်တွေ၊ ပေါင်းမြက်တွေက ဥယျာဉ်အတွင်းမှာ ရှိနေတဲ့အရာတွေပါ။ ပန်းပွင့်တွေ၊ ပေါင်းမြက်တွေ တည်ရှိကြောင်း သက်သေပြနိုင်ခဲ့ရင် ဥယျာဉ်ရှိနေကြောင်း သက်သေပြပြီးသလို ဖြစ်သွားမှာပါ။

ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းကို ဘယ်နေရာမှာ ရှိကြောင်းပြသလို့ မရခဲ့ရင်၊ စိတ် ဆိုတာ ဘယ်မှာရှိသလဲကို ပြသလို့ မဖြစ်နိုင်တော့ပါဘူး။

တကယ်တော့ စိတ် ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံးအရာဖြစ်ပါတယ်။ ဒိုင်မင်းရှင်း ၃ ဖက်ရှိတဲ့ ဟင်းလင်းပြင်အတွင်းမှာ စိတ် တည်ရှိတဲ့နေရာကို ပြသလို့ မရနိုင်ပါဘူး။ ဒိုင်မင်းရှင်း ၃ဖက် ဟင်းလင်းပြင်က စိတ်အတွင်းမှာ တည်ရှိတာပါ။ စကြာဝဌာကြီးတည်နေရာက စိတ်အတွင်းမှာပါ။

No comments:

Post a Comment