Tuesday, October 29, 2013

ခေါင်းဆောင်ကောင်း

တစ်ခါက တောကြီးတစ်တောထဲမှာ ဖားတွေ စုပြီးနေထိုင်ကြတယ် ။

ဒါပေမယ့် သူတို့မှာ အားကိုးစရာ ခေါင်းဆောင်မရှိ အုပ်ချုပ်မယ့်သူမရှိပဲ သူတစ်လူငါတစ်မင်းဖြစ်နေကြတယ်။
အဲဒါနဲ့ သူတို့က ဘုရားသခင်ထံမှာ သူတို့ အတွက် အုပ်ချုပ်ဖိုရန် ခေါင်းဆောင်တစ်ယောက် ဖန်ဆင်းပေးဖို ဆုတောင်းကြပါတယ် ။

အဲဒါနဲ့ ဘုရားသခင်က ဖားတွေကို အုပ်ချုပ်ဖို ခါင်းဆောင် အနေနဲ့ ကျောက်တုံးတစ်တုံးကို ဖန်ဆင်းပေးလိုက်ပါတယ် ။

ပထမတော့ ဖားတွေက ကျောက်တုံးတစ်တုံးကို ခေါင်းဆောင် အနေနဲ့ကိုးကွယ်ကြပါတယ် ။

ဒါပေမယ့် အချိန်တွေကြာလာတာနဲ့ အမျှ အဲဒီကျောက်တုံးကြီးက သူတိုကို မအုပ်ချုပ်နိုင်တာကို သိလာကြပါတယ် ။





အဲဒါနဲ့ နောက်တစ်ကြိမ် ဘုရားသခင်ထံ ခေါင်းဆောင် အသစ် ဖန်ဆင်းပေးဖို တောင်းဆိုပြန်တယ် ။

အဲဒီအခါမှာတော့ ဘုရားသခင်က ဖားတွေထဲမှာ နူညံသိမ်မွေ့ပြီး အယဉ်ကျေးဆုံး ဖားတစ်ကောင်ကို ခေါင်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ် ။

ပထမတော့ ခေါင်းဆောင်အဖြစ် လက်ခံကြပါတယ် ။

နောက်တော့ ဖားအချင်းချင်း ဘာလို သူကိုကြောက်ပြီး သူပြောတာကို လက်ခံရမှာလဲ ဆိုတဲ့ အတွေးတွေ တစ်ချိုဖားတွေမှာ ၀င်လာကြပါတယ် ။

အဲဒီနောက်တော့ ခေါင်းဆောင် ဖားရဲ့ စကားကို နားမထောင်ကြတော့ပဲ သူတစ်လူ ငါတစ်မင်း ပြန်ဖြစ်သွားကြပါတယ် ။

ဒါနဲ့ နောက်ထပ် တစ်ကြီမ် ထပ်မံပြီး ဘုရားသခင်ထံမှာ ဖားတွေ ကို အုပ်ချုပ်ဖို ခေါင်းဆောင် တစ်ဦး ဖန်ဆင်းပေးဖို တောင်းဆိုပြန်တယ် ။

ဒီတစ်ကြိမ်မှာတော့ ဘုရားသခင်က အနည်းငယ် ဒေါသထွက်ပြီး ဖားရိုက်သမား တစ်ယောက်ကို ဖန်ဆင်းပေးလိုက်ပါတယ် ။

အဲလိုနဲ့ ဖားရိုက်သမားက လိုက်လံပြီး ဖားရိုက်တဲ့ အတွက် ဖားတွေ တစ်ကောင်ပြီး တစ်ကောင် သေကြရပါတယ် ။

ဖားတွေက သူတို့ရဲ့ အသံကြောင့်ပဲ သူတို သေဆုံးသွားရပါတယ် ။

ခေါင်းဆောင်ဆိုတာ ဘာမှ မလုပ်တတ်တဲ့ ကျောက်တုံးလိုမျိုး ဖြစ်နေလို မရသလို၊ ကြောက်စရာကောင်းတဲ့ သူမျိုးလည်း မဖြစ်စေရပါဘူး ။

နောက်လိုက်ဆိုတာကလည်း သူနဲငါ လူချင်းအတူပဲ သူခိုင်းတိုင်း ငါမလုပ်နိုင်ဘူး ဆိုတဲ့ အတွေးမျိုး မ၀င်ဖို လိုအပ်ပါတယ် ။

No comments:

Post a Comment