ရထားပေါ်မှာ ကျွန်တော်စာဖတ်စဉ် အမျိုးသမီးကြီးတစ်ယောက်က ၄ နှစ်အရွယ်ကောင်လေးတစ်ယောက် ၇ နှစ်အရွယ် ကောင်လေးတစ်ယောက် ၁၀ နှစ်အရွယ် ကောင်မလေးတစ်ယောက် ကို ခေါ်ပြီး ရထားပေါ်ကိုတတ်လာပါတယ် ။
ကျွန်တ်ာနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အမျိုးသမီးကြီးနဲ့ ၇ နှစ်အရွယ်ကောင်လေးထိုင်ပြီး ကျွန်တော်ဘေးနားမှာ ၄ နှစ်အရွယ်ကောင်လေးနဲ့ ၁၀ နှစ်အရွယ်ကောင်မလေး လာပြီးထိုင်ပါတယ် ။
ကလေး သုံးယောက်လုံး အရမ်းကိုစကားများလို ကျွန်တော်အစပိုင်းမှာ စိတ်အတော်လေး ညစ်နေမိပါတယ် ။
ကျွန်တော်အဖေ နေမကောင်းလို စိတ်ညစ်နေရတဲ့ အထဲ ကလေးတွေက ဆူညံနေတော့ တော်တော်လေးကို စိတ်ညစ်နေမိပါတယ် ။
ကျွန်တော်ဘေးနားမှာထိုင်တဲ့ အငယ်ဆုံးကောင်လေးက လမ်းမှာတွေတာတွေကို သူအမကို တစ်ခုပြီး တစ်ခု လိုက်မေးနေပါတယ် ။
အမဖြစ်သူကလည်း သူသိသလောက်တော့ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးနေပါတယ် ။ ဒါပေ့မယ် သူမသိတာတွေ များနေတော့ ဘေးမှာ ထိုင်နေတဲ့ ကျွန်တော်ကို ပြန်ပြန်ပြီးမေးနေပါတယ် ။
ပထမပိုင်းတော့ ကျွန်တော်လည်း စာအုပ်ဖတ်နေတော့ စိတ်သိပ်မရှည်တဲ့ ပုံစံမျိုးနဲ့ အတိုဆုံးဖြစ်အောင်ပဲ ပြန်ဖြေပေးခဲ့ပါတယ် ။
နောက်တော့ ကလေးက ခဏခဏမေးနေတော့ မထူးတော့ပါဘူး ဆိုပြီး ဖတ်နေတဲ့စာအုပ်ကိုပိတ်ပြီး ကလေးတွေ မေးသမျှကို စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးခဲ့ပါတယ် ။
အဲဒီလိုနဲ့ ရထားပေါ်က ဆင်ခါနီးမှာ ဘာကိစ္စနဲ့ ခရီးထွက်လာတာလဲလို ကလေးမလေးကို မေးကြည့်လိုက်မိပါတယ် ။
အဲဒီတော့ ကလေးမလေးက သူအဇေနေမကောင်းဖြစ်လို သူအဖေဆီကို လိုက်သွားကြမလို ဆိုပြီပြန်ဖြေပါတယ် ။
အဲဒီတော့ ကျွန်တော်လည်း ဘ၀တူတွေပဲဆိုပြီး စာနာပြီး ကလေးတွေရဲ့ ဖခင် အခြေအနေ ဘယ်လိုရှိလဲဆိုပြီး ထပ်ပြီးမေးလိုက်ပါတယ် ။
ကလေးမလေးက သူမအဖေက ဆုံးသွားတဲ့ အကြောင်းနဲ့ အဲဒီအကြောင်းကို သူ့မရဲ့ အငယ်ဆုံးမောင်လေး က မသိသေးကြောင်း သူမောင်လေးသိရင် ၀မ်းနေမှာစိုးလို သူမောင်လေးမေးသမျှကို စိတ်ရှည်ရှည်နဲ့ ပြန်ဖြေနေတာပါလို ပြန်ပြောပါတယ် ။
အဲဒီတော့ မှ ကောင်မလေးက သူ့မောင်လေးမေးတာတွေကို ဘာကြောင့် စိတ်ရှည်ရှည်နဲ့ ရှင်းပြနေတာလဲဆိုတာကို ကျွန်တော် သဘောပေါက် သွားပါတယ် ။
ကျွန်တော်တို့က တစ်ခါတစ်ရံ ကိုယ်စိတ်ညစ်စရာ အနည်းငယ်ကြုံလာတဲ့အခါမှာ ကိုယ်စိတ်ညစ်စရာတွေကိုတွေးပြီး ပြုံးရယ်နေတဲ့သူတွေကို သူတိုမှာ စိတ်ညစ်စရာတွေ မရှိလောက်ဖူးလို တွေးနေတတ်ကြပါတယ် ။
တစ်ခါတစ်ရံမှာ ပြုံးရယ်နေတဲ့သူတွေမှာလဲ ကိုယ်ထက် ပိုပြီး စိတ်ညစ်စရာကောင်းတဲ့ အခက်အခဲတွေ ရှိနေမလားဆိုတာမျိုးကို မတွေးတတ်ကြပါဘူး ။
No comments:
Post a Comment