တစ်နေမှာတော့ သူတို့ နေထိုင်တဲ့ နေရာမှာ မိုးတွေ အရမ်းရွာပြီး ရေတွေကြီးလာတဲ့အတွက် လူတွေက နေရာပြောင်းရွှေ့ဖိုပြင်ဆင်ပြီး ပြောင်းရွေ့နေကြပါတယ် ။
ဘုရားသခင်ကို အရမ်းယုံကြည်တဲ့တစ်ယောက်ကတော့ ဘုရားသခင်ကို သူကို ကူညီစောင့်ရှောက်မှာပါဆိုပြီး ဘာမှမလုပ်ပဲ ဘုရားသခင်ထံမှာ ဆုတောင်းနေပါတယ် ။
အဲလိုနဲ့ ရေတွေက အိမ်တစ်ဝက် နီးနီးလောက် ရောက်လာတဲ့ အခါမှာ လှေငယ်လေးတစ်စင်းရောက်လာပြီး အဲဒီလူကို လှေငယ်လေးနဲ့ အတူလိုက်ပါဖို ဖိတ်ခေါ်ပါတယ် ။
ဒါပေ့မယ့်သူကတော့ ဘုရားသခင် သူကို ကူညီစောင့်ရှောက်မှာပဲဆိုပြီး လှေငယ်လေးနဲ့ မလိုက်သွားပါဘူး ။
ခဏနေတော့ ရေတွေတတ်လာပြီး အိမ်ခေါင်းမိုးကို ထိလုနီးပါဖြစ်နေတဲ့အချိန်မှာ စက်လှေ တစ်စင်းရောက်လာပြီး သူတို့စက်လှေနဲ့လိုက်ခဲ့ဖို ထပ်မံပြီးဖိတ်ခေါ်ခံရပါတယ် ။
ဒီတစ်ကြီမ်မှာလည်း သူကတော့ ဘုရားသခင် သူကို ကူညီစောင့်ရှောက်မှာပဲဆိုပြီး စက်လှေနဲ့လည်း မလိုက်သွားပါဘူး ။
တစ်ဖြည်းဖြည်းနဲ့ ရေတွေ အရမ်းများပြီး အိမ်ခေါင်မိုးမြုတ်လုနီးပါဖြစ်လ
ဘယ်လိုပဲခေါ်ခေါ် သူကတော့ ဘုရားသခင် သူကို ကူညီစောင့်ရှောက်မှာပဲဆိုပြီး ရဟတ်ယာဉ်နဲ့လည်း မလိုက်သွားပါဘူး ။
အဲဒါနဲ့ တစ်ဖြည်ဖြည်း ရေနစ်ပြီး သေဆုံးသွားပါတယ် ။
သေးဆုံးတော့ ကောင်းကင်ဘုံကိုရောက်တော့ သူက ဘုရာသခင်ကို အရမ်းယုံကြည့်ကိုးကွယ်ပါလျှက် ဘာကြောင့် သူကို မစောင့်ရှောက်တာလဲလို
ဘုရားသခင်ကို မေးပါတယ် ။
အဲဒီတော့ ဘုရားသခင်က ငါကမင်းကို သုံးကြီမ်တိုင်တိုင် ကယ်တင်ဖို ကူညီစောင့်ရှောက်ခဲ့ပါတယ် ။
ဒါပေမယ့် မင်းကိုယ်တိုင်က မင်းကိုယ်မင်း ကယ်တင်ဖို မကြိုးစားခဲ့ပါဘူး အဲဒါကြောင့် အခွင့်အရေး သုံးကြီမ်လုံး လက်လွတ် ဆုံးရုံးသွားရတာပေါ့လို ပြန်ပြောလိုက်ပါတယ် ။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေက အလုပ်လုပ်နေရင်လည်း အောင်မြင်မှုရနိုင်မယ်ဆိုတာ သိပေ့မယ် အလုပ်လုပ်ဖို နှောင့်နေးနေကြပါတယ် ။
ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ ယုံကြည့်မှုရှိနေယုံနဲ့ မပြီးပါဘူး ကိုယ်တိုင်လည်း လုပ်ဆောင်ဖို လိုအပ်ပါတယ် ။
အဲဒီလိုပဲ ကျွန်တော်တိုဘ၀မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေလာတဲ့အခါတွေမှာ ဒီအခက်အခဲကနေ လွတ်မြှောက်အောင် ဆုတောင်နေရုံနဲ့ မလွတ်မြှောက်ပါဘူး ကိုယ်တိုင်လည်း လွတ်မြှောက်အောင် ကြိုးစားအားထုတ်ဖို လိုအပ်ပါတယ် ။
No comments:
Post a Comment