Tuesday, October 29, 2013

"နောက်ဆုံး စကားတစ်ခွန်းမှ မပြောတာနဲ့ ငြင်းခုန်မှုတိုင်းကို ရပ်တန့်နိုင်ပါတယ်"


တစ်ခါက သားအဖနှစ်ဦး ရထားစီးပြီး ခရီးထွက်ခဲ့ကြတယ်။

လမ်းတစ်နေရာမှာ လက်မှတ်စစ်နဲ့ကြုံတော့ ဖခင်ဖြစ်သူက သူလက်မှတ်ထည့်ထားတဲ့ အိတ်ထဲကို လက်နဲ့နိုတ်ပြီး လက်မှတ်ရှာဇွေရာ လက်မှတ်ကို ချက်ချင်းရှာမတွေ့ပဲ အချိန် အနည်းငယ်ကြာသွားတယ် ။

အဲဒီအခါ ဒေါသကြီးတဲ့လက်မှတ်စစ်က လက်မှတ်ပါလာဟန်မတူဘူးဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်ပြီး ဆူပူကြိမ်းမောင်းတာကို ဖခင်က ခေါင်းငုံ့ခံခဲ့တယ်။

သားဖြစ်သူက ပြန်ပြောမယ့်ဟန်ပြင်တော့လည်း ဖခင်ဖြစ်သူက သားဖြစ်သူကိုတားလိုက်တယ်။

နောက်လက်မှတ်ရှာတွေ့သွားတော့ လက်မှတ်စစ်လည်း လက်မှတ်ကိုစစ်ပြီး လက်မှတ် မှန်နေတဲ့အတွက် အဲဒီနေရာကနေထွက်ခွာသွားတယ် ။

လက်မှတ်စစ်ထွက်သွားတော့ သားဖြစ်သူက "အဖေ... လက်မှတ်ပါရက်သားနဲ့ ဘာဖြစ်လို့ ပြန်မပြောခဲ့တာလဲ?" လို့မေးတယ်။


ဖခင်က "သား... သူ့ဒေါသ၊ သူ့စိတ်သဘောထားကို သူတောင်တစ်သက်လုံး ခံနိုင်ခဲ့သေးတာပဲ။ အဖေက ဘာဖြစ်လို့ ဒီမိနစ်ပိုင်းလေးမှာ သည်းမခံနိုင်ဖြစ်ရမလဲ?" လို့ ပြန်ပြောခဲ့တယ် ။

ဒေါသဖြစ်လွယ်တဲ့သူက သူဒေါသဖြစ်တဲ့ ဒါဏ်ကို သူကိုယ်တိုင်တစ်သက်လုံး ခံစားနေရသူပါ ။

အဲဒါကြောင့် ဒေါသထွက်လွယ်တဲ့ သူနဲ့ တစ်ခဏလေးတွေ့တဲ့အခါ သည်းခံလိုက်ပါ ။ သူရဲ့ဒေါသတွေ ကိုယ်ထံကို တွယ်ငြှိပါမလာပါစေနဲ့ ။

သူဒေါသတွေ ကိုယ်ထံပါလာတဲ့အခါ ကိုယ်တိုင်လည်းစိတ်ဆင်းရဲဖြစ်ရပါတယ် ။

"နောက်ဆုံး စကားတစ်ခွန်းမှ မပြောတာနဲ့ ငြင်းခုန်မှုတိုင်းကို ရပ်တန့်နိုင်ပါတယ်".... ဒါကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အမြဲသတိပေးတဲ့စကားဖြစ်ခဲ့တယ်။

No comments:

Post a Comment